၉၆၉ အဓိပ္ပါယ်



ဗုဒ္ဓဘာသာ လူမျိုးတို့ရဲ့ ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေ စတဲ့ နေရာတွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက် ဆရာတော်ကြီးများ ကိုယ်တိုင် စီစဉ်ဆောင် ရွက်ထားတဲ့ အမှတ်တံဆိပ်လေးပါ ...။ နောက်ခံအနေနဲ့ ဗုဒ္ဓဘာသာ သာသနာ့အလံတော် ကို ထည့်သွင်းထားပါတယ်။
ပြီးတော့ (၂၄) ပစ္စည်း စက်ဝိုင်းကို လည်း ထည့်သွင်းထားပါတယ် ...။
အပေါ်မှာ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး နှင့် သံဃာ့ဂုဏ်တော် (၉) ပါး တို့ကို ကိုယ်စားပြုတဲ့ ၉၆၉ ဆိုတဲ့ ကိန်းဂဏန်းကိုလည်း ထည့်သွင်းပေးထားပါတယ် ...။
အလယ်မှာတော့ အာသောကမင်းကြီး ရဲ့ အမှတ်တံဆိပ်ကို ထည့်သွင်းပေးထားပါတယ် ....။


ဘုရားဂုဏ်တော် ကိုးပါး 

၁။အရဟံ =ဗြဟ္မာ-နတ်-လူ ပူဇော်အပ်တဲ.၊ ဂုဏ်တော်မြတ်နဲ.ပြည်စုံပါသောမြတ်စွာဘုရား
၂။သမ္မာသဗ္ဗုဒ္ဓေါ=တရားအလုံးစုံ ဆရာမရှိ ကိုယ်တိုင်သိတဲ. 
မြတ်စွာဘုရား
၃။ဝိဇ္ဇာစရဏသမ္ပန္နော=သုံးရှစ်ဝိဇ္ဇာ စရဏများ။ဆယ်.ငါးပါးနဲ.ပြည်.စုံပါသောမြတ်စွာဘုရား
၎။သုဂတော ။ ကောင်းတဲ.စကားကို မိန်.ဆိုတက်လို.။ နိဗ္ဗာန်မြတ်သို.ကြွသွားတော်မူသော မြတ်စွာဘုရား
၅။လောက၀ိဒူ။ လောက သုံးပါးကို ခွဲခြားသိမြင်တော် မူသော
မြတ်စွာဘုရား
၆။အနုတ္တရောပုရိသ။မယဉ်ကျေးသူ ယဉ်ကျေးအောင် ဆုံးမတွင် 
ဓမ္မသာရထိ အတုမရှိသောမြတ်စွာဘုရား
ရ။သတ္ထာဒေ၀ မနုဿာနံ။လူ-နတ်-ဗြဟ္မာ သတ္တ၀ါများရဲ. ဆရာတဆူဖြစ်တော် မူသောမြတ်စွာဘုရား
၈။ဗုဒ္ဓေါ ။သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား
၉။ဘဂ၀ါ ။ ဘုန်တော်ခြောက်စုံ ဂုဏ်တော်မြတ်နှင်.ပြည်.စုံတော် မူသောမြတ်စွာ ဘုရား 

တရားဂုဏ်တော် ၆ ပါး 

၁။သွာက္ခာတော ။ ဘုရားမြတ်စွာ ။ ဟောညွန်ပြတဲ. အမှန်မြတ်တဲ. ဂုဏ်တော် 
၂။သန္ဒိဋ္ဌိကော ။ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော
ဂုဏ်တော်
၃။အကာလိကော ။ ချက်ချင်းအမြန် အကျိုးရလို. အကာလိက 
ဂုဏ်တော်
၎။ဧဟိပဿိကော ။လာပါ ။ကျင်.ပါ ဖိတ်ခေါ်အပ်တဲ. အမှန်မြတ်တဲ.
ဂုဏ်တော်
၅။သြပနေယျိကော။ ကိုယ်နဲ.စိတ်မှာ၊အမြဲဆောင်ကပ်လို. အမှန်မြတ်တဲ.
ဂုဏ်တော်
၆။ပပစ္စတ္တံ ဝေဒိတဗ္ဗော ။အရိယဆို၊ ကိုယ်စီ သိလို. ခံစားအပ်တဲ.
ဂုဏ်တော်

သံဃာဂုဏ်တော် ၉ ပါး

၁။သုပ္ပဋိပန္နော ။ ကောင်းမွန်မှန်စွာ ၊အကျင်.မြတ်ကျင်.ကျန်တက်တဲ. ဂုဏ်တော်
၂။ဥဇုပ္ပဋိန္နော ။ဖြောင်.မတ် မှန်စွာ၊ အကျင်.မြတ်ကို ကျင်.ကြံတက်တဲ. ဂုဏ်တော်
၃။ဥာယပ္ပဋိပန္နော။ နိဗ္ဗာန် ရောက်ရန် အကျင်.မြတ်ကို ကျင်.ကြံ တက်တဲ. ဂုဏ်တော်.
၎။သာမိစိပ္ပဋိပန္နော။ ရိုသေထိုက်အောင်၊အကျင်.မြတ်ကို ကျင်.ကြံ တတ်တဲ. ဂုဏ်တော်
၅။အာဟုနေယျော။အဝေးကယူလာ၊ပစ္စည်းများကို ခံယူထိုက်တဲ.
ဂုဏ်တော်
၆။ပါဟုနေယျော။ လက်ဆောင်အလို.ငုာ၊ပစ္စည်းများကို ခံယူထိုက်တဲ.ဂုဏ်တော်
ရ။ဒက္ခိဏေယျော။ နောင်အကျိုးကို မျှော်ကာပြုတဲ. ကောင်းမှူ. ကံထိုက်၊ ဂုဏ်တော်
၈။အဉ္စလိကရဏီယျော။လက်အုပ်ချီကာ ရှိခိုးအပ်ဖို. ကျင်.ကြံအပ်တဲ. ဂုဏ်တော်
၉။အနုတ္တရံ ပုညခေတ္တံ လောကဿ ။ကောင်း မှူ.စိုက်ရာ မြေယာကောင်းသို. နိုင်း ယှဉ်တူကြောင်း ဂုဏ်တော်

0 comments:

Post a Comment